မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တိုင်းဒေသကြီး ပြည်သူ့ဆေးရုံတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် လှူဒါန်းသည့် Oxygen Plant အဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားနှင့် မကွေးမြို့အဝေးပြေး ယာဉ်ကုန်တင်ကုန်ချ ယာဉ်ရပ် နားစခန်းရှိ ကုန်တင်ယာဉ်ကြီ

မကွေး ဇန်နဝါရီ ၂၂

မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် လှူဒါန်းသည့် Oxygen Plant နှင့် အဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၁ ရက် ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီး ပြည်သူ့ဆေးရုံးကြီး၊ (၅)ထပ်ဆောင် ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာသောင်းလှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် Oxygen Plant နှင့် အဆောက်အဦအား တိုင်းဒေသကြီး ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းနီလာလှထံ လွှဲပြောင်းပေးအပ်ခဲ့ကာ၊ Oxygen Plant နှင့် အဆောက်အဦအား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့ မြို့ရှောင်လမ်းကုန်တင် ယာဉ်ကြီးများ စစ်ဆေးရေးစခန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူတို့က ကုန်တင်ယာဉ်ကြီးများ စစ်ဆေးရးစခန်းအား ဖဲ့ကြိုးဖြတ်ဖွင့်လှစ်ပေးကာ၊ ကုန်တင် ယာဉ်ကြီးများ စစ်ဆေးရေးစခန်းအား ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ ကုန်တင်ယာဉ်ကြီးများ စစ်ဆေးရေးစခန်း တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်၍ ကုန်စည်များ စီးဆင်းမှုအား ဥပဒေဘောင်အတွင်းမှ သတ်မှတ်စည်းကမ်းများနှင့် အညီ ထိန်းချုပ်နိုင်မည်ဖြစ်သလို မကွေးမြို့ မြို့တွင်းတွင်လည်း ယာဉ်ကြောပိတ်ဆို့မှု၊ လမ်းပေါ်များ တွင် ပိတ်ဆို့၍ ကုန်တင်/ကုန်ချမှုများ ပပျောက်လာမည်ဖြစ်ကြောင်း၊ ထို့အပြင်  မြို့တွင်း လမ်းများပေါ်တွင် တန်ပိုယာဉ်များ ဖြတ်သန်းမောင်းနှင်မှု မရှိခြင်းကြောင့် လမ်းများပိုမိုကြံ့ခိုင်ပြီး ပျက်စီးမှုလျော့နည်းကာ မြို့နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် သွားလာနိုင်မည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့သည် မကွေးမြို့ အဝေးပြေးယာဉ် ကုန်တင်ကုန်ချ ယာဉ်ရပ်နားစခန်းရှိ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားသို့ ရောက်ရှိခဲ့ပြီး အောက်ဆီဂျင်စက်ရုံအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိန်ထွန်းနှင့် တိုင်းဒသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် Oxygen Plant နှင့် အဆောက်အဦအား မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူထံ  လွှဲပြောင်းပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အောက်ဆီဂျင်စက်ရုံအတွင်း လှည့်လည် ကြည့်ရှု ရာ တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်က အောက်ဆီဂျင်စက်ရုံမှ နေ့စဉ်အောက်ဆီဂျင် ထွက်ရှိမှုအခြေအနေများနှင့် တိုင်းဒေသကြီး အတွင်းရှိ ပြည်သူ့ဆေးရုံများသို့ အောက်ဆီဂျင်များ ဖြန့်ဝေပေးမှု အခြေအနေများအား ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

မောင်ညီညာ