မန်ကန် ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင်ဇန်နဝါရီလ (၂၁)ရက်၊ နံနက်ပိုင်းကကိုဗစ်-၁၉ရောဂါ၏ ဗီဇပြောင်းမျိုးကွဲ တစ်မျိုးဖြစ်သည့်(အိုမီခရွန်)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာသင့်သည့် နည်းလမ်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (အိုမီခရွန်)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရန် တတ်နိုင်သမျှ မိမိအိမ်၌သာနေရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင်လက်မခံကြရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း (mask) တပ်ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦး(၆)ပေအကွာမှနေထိုင်ပြောကြရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်းများ ရှောင်ကြဉ်ရန်နှင့် ရောဂါပိုး ကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ သွားရောက်၍ ဆေးကုသမှု ခံယူပါရန်နှင့် ကာကွယ်ဆေး ထိုးနှံမှုများကိုလည်း မပျက်မကွက်လိုက်နာဆောင်ရွက်ကြပါရန်စသည့် အချက်များကို (ရှမ်း၊ ဝ ၊ ဗမာ)သုံးဘာသာဖြင့် အသိပညာပေး နှိုးဆော်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မန်ကန်မြို့ရုံးအနေဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများသို့လည်း သွားရောက်၍ ဆောင်ရွက်ပေးလျက်ရှိပြီး၊ ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများတွင်လည်း အရှိန်အဟုန်မပျက်ဆောင်ရွက်မှုများကြောင့် ယနေ့ အချိန်ထိ ပိုးတွေ့လူနာမရှိသေးသော ကိုဗစ်ရောဂါကင်းစင်နယ်မြေအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။
မန်ကန်