ဝါးခယ်မမြို့ သံကြိုးတိုင်ရပ်ကွက်တွင် စပါးကြီးမြွေတစ်ကောင်ထပ်မံဖမ်းမိ

ဝါးခယ်မ  ဇန်နဝါရီ  ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၊ သံကြိုးတိုင်ရပ်ကွက် စက်ရုံလမ်းတွင် ယနေ့နံနက် ၁၁နာရီခန့်က စပါးကြီး မြွေတစ်ကောင် ဝင်ရောက်နေကြောင်း သတင်းပေးပို့ လာသဖြင့် ထမ်မံဖမ်းဆီးပေးခဲ့ရကြောင်း မီးသတ် ဦးစီးဌာနကသိရသည်။

အဆိုပါ မြွေကို သွားရောက်ဖမ်းဆီးပေးခဲ့ရာ ဇန်နဝါရီလ၂၁ရက်နေ့က စပါးကြီးမြွေ(၂‌)ကောင်ဖမ်းဆီး‌ပေးခဲ့ရပြီး ယနေ့(၁)ကောင် ထပ်မံဖမ်းဆီးပေးခဲ့ရကြောင်း သိရသည်။ ထပ်မံ ဖမ်းဆီးပေးခဲ့ရသောမြွေမှာ လုံးပတ်၁၀လက်မအရှည်၉ပေရှိပြီး မီးသတ် ဦးစီးဌာနမှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်တပ်သားများက သွားရောက်ဖမ်းဆီးပေးခဲ့ပြီး သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ ကြောင်းသိရသည်။

စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)