နောင်ချို ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကျောက်တောစံပြကျေးရွာ၊ C.B.T (ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း)သည် ခရီးသွားပြည်သူများ သာယာလှပသည့် သဘာဝ တရားများဖြင့် အပန်းဖြေ အနားယူနိုင်ရန်အတွက် ကျောက်တောစံပြကျေးရွာ C.B.T ကို (၁၁.၁.၂၀၂၁)ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။
ယခုအခါတွင် ခရီးသွားပြည်သူများသည် ကျောက်တောစံပြ C.B.T ကုန်း၊ သဘာဝရေချောင်း၊ ဝါးရုံ တော၊ ဘီလူးမင်းဘုရားများ၊ တောတွင်းအပန်းဖြေစခန်း စသည့်နေရာများသို့ ခရီးသွားပြည်သူများ လာရောက်ကာ အပန်းဖြေလည်ပတ်ကြပြီး စည်ကားလျက်ရှိကြောင်း သိရသည်။ ထိုမှတစ်ဆင့် နောင်တော ကျောက်ခေါင်းဘုရား၊ မြင်းဖြူတောင်၊ နောင်ချိုကြီးကျေးရွာရှိ တိမ်ပင်လယ်စခန်းသို့လည်း သွားရောက်လည် ပတ်နိုင်ကြောင်း သိရသည်။
ထွေးငယ်၊ နောင်ချို (ပြန်/ဆက်)