တောင်ကုတ်တက္ကသိုလ်ဖွင့်ပွဲ အထိမ်းအမှတ် ကုန်းလှေလှော်ပြိုင်ပွဲ ဖွင့်လှစ်ကျင်းပ

တောင်ကုတ် ဇန်နဝါရီ ၂၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့၌ တောင်ကုတ်ဒီဂရီကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများ ကျင်းပခဲ့ရာ ယနေ့ နံနက် ၉ နာရီအချိန်က စတင်၍ တောင်ကုတ်ပင်မ တက္ကသိုလ် ရှေ့လမ်းမပေါ်၌ ကုန်လှော် အားကစားပြိုင်ပွဲအား ကျင်းပခဲ့ရာပြိုင်ပွဲဝင် အသင်း()သင်းအား အုပ်စု(က)၊ အုပ်စု() အုပ်စုဟု အုပ်စု()အုပ်စုခွဲ၍ အုပ်စုပတ်လည် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်ကုတ်တက္ကသိုလ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ကုန်းလှေပြိုင်ပွဲ အားကစားပြိုင်ပွဲများ ကျင်းပခဲ့ရာ အုပ်စု(က) ပညာရေးအသင်း၊ ဂူတာရပ်ကွက်အသင်း၊ ဝက်ကျိတ်အသင်းတို့ အုပ်စုပတ်လည် ယှဉ်ပြိုင်ခဲ့ရာ အုပ်စုပထမ ဂူတာရပ်ကွက်အသင်း၊ အုပ်စု ဒုတိယဝက်ကျိတ်အသင်းတို့ရရှိပြီး အုပ်စု()၌ ရှင်သန်ရေးလူမှုကူ ညီရေးအသင်း၊ နိဗ္ဗာန်ကူးတို့ လူငယ်များအသင်း၊ ချောင်းကောက်ရပ်ကွက်လူ ငယ်များအသင်းအား အုပ်စုပတ်လည် ယှဉ်ပြိုင်ခဲ့ရာ အုပ်စုပထမနိဗ္ဗာန်ကူး တို့လူငယ်များ အသင်းအုပ်စု ဒုတိယအား ချောင်းကောက်ရပ်ကွက် လူငယ်များအသင်းတို့က ရရှိကြပြီး မနက်န်အုပ်စု(က)ပထမဂူတာ ရပ်ကွက်လူငယ်များ အသင်းနှင့် အုပ်စု() ဒုတိယချောင်းကောက်ရပ်ကွက် လူငယ်များအသင်း၊ အုပ်စု (က) ဒုတိယဝက်ကျိတ် လူငယ်များအသင်းနှင့် အုပ်စု()ပထမနိဗ္ဗာန်ကူးတို့ လူငယ်များအသင်းတို့ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

စန်းဝင်း(မြို့နယ် ပြန်/ဆက်)