တံတားဦးမြို့တွင် အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်

တံတားဦး  ဖေဖော်ဝါရီ  ၂၁

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့တို့ပူးပေါင်းပြီး အခြေခံရှေးဦးပြုစုခြင်း သင်တန်းကို ယနေ့နံနက်(၉)နာရီက တံတား ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre )ခန်းမ၌ ကျင်းပကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် တံတားဦးမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးဟန်တင့်က အမှာစကားပြေကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က လူထုအခြေ ပြု ဗဟိုဌာန (Community Centre) ခန်းမ၌ သင်တန်းများ၊ အစည်းအဝေးများကျင်းပ ပြုလုပ်ပါက ကူညီ ဆောင်ရွက်ပေးနိုင်ရေးအကြောင်းကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဒုတိယတပ်ခွဲမှူ ဦးမာန်က မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်များ ကို အောင်မြင်အောင်ဆောင်ရွက် ကြရန် လိုကြောင်း၊ ဒါ့အပြင် လူသားချင်းစာနာထောက်ခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်ခြင်း၊ စေတနာ့ဝန်ထမ်း အကျိုးကိုဆောင်ရွက်ခြင်း စည်းလုံးညီညွတ်မှုရှိခြင်း၊ ကမ္ဘာတစ်ဝန်းပျံ့နှံခြင်း၊ ကိုယ်အင်္ဂါမသန်စွမ်းသူများကို ကူညီပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေး ခြင်းတို့ ရှင်းလင်း ပြောကြား သည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား/သူ(၁၅)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ (၂)ရက်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ သင်တန်းတွင် စာတွေ့ လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ကြောင်းသိရသည် ။

ရဲတင့်