နမ့်စန်(တ) ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးပြီး (၆)လကြာပြီဖြစ်သည့် (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများက ထပ်ဆောင်းကာကွယ်ဆေး (Covid shield)ထိုးခြင်းလုပ်ငန်းကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ရပ်ကွက်နှင့် ကျေးရွာများ၌ အလှည့်ကျအသုတ်အလိုက် နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ယနေ့နေ့လည်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးစီးသူ ၄၈၂၇၅ ဦး၊ နှစ်ကြိမ် ထိုးနှံပြီးစီးသူ ၃၈၈၆၉ ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံပြီးစီးသူ ၂၅၈ ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)