တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမတွင် ရုံးဝန်ထမ်းများဖြင့် စာဖတ်ဝိုင်းဆောင်ရွက်

တိုက်ကြီး  ဖေဖော်ဝါရီ  ၂၂

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် ရုံးဝန်ထမ်းများနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုက်ကြီးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ( တာဝန်ပေး)ဒေါ်စန်းကလျာခိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့  ရုံးလုပ်ငန်းလက်စွဲ      စာအုပ်ပါ အခန်း (ရုံးလုပ်ငန်းသဘောတရား ခေါင်းစဉ်ပါအကြောင်းအရာများကို ဖတ်ကြားဆွေးနွေးရာတွင် ရုံး / ဌာန / အဖွဲ့အစည်းအသီးသီးတွင် ရုံးလုပ်ငန်းတာဝန်များကို တာဝန်ယူဆောင်ရွက်နေကြသော နိုင်ငံ့ ဝန်ထမ်းများအားလုံး ရုံးလုပ်ငန်းသဘောသဘာဝနှင့် ရုံးလုပ်ငန်းတာဝန်များကို သိရှိနား လည်ပြီး မိမိတို့တာဝန်ယူဆောင်ရွက်ရသော ရုံးလုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာနှင့် ထိရောက်ထက်မြက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကြောင်းနှင့် ရုံးလုပ်ငန်းအဓိပ္ပါယ်၊ ပင်မ လုပ်ငန်းနှင့် အထောက်အကူပြုရုံးလုပ်ငန်း၊ အဖွဲ့အစည်း၊ဆက်စပ်မှုရှိခြင်းနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုရှိရခြင်းတို့ကို  ဆွေးနွေးပြောကြားခဲ့ပြီး စာကြည့်တိုက်လက်ထောက် - ၃ ဒေါ်ခင်နှင်းသက်က ပြီးပြည့်စုံသော ရုံးလုပ်ငန်းဖြစ်စေရန် ပြည့်စုံရန်အချက်များ၊ စနစ်ရှိရခြင်း၊ စည်း ကမ်းရှိရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပါသည်။ ထို့နောက် အငယ်တန်းစာရေး ဒေါ်သဉ္ဇာဝင်းက အရည်အချင်းနှင့် ကျွမ်းကျင်မှုရှိရခြင်း၊ ထိုးထွင်းတီထွင်လိုစိတ်ရှိရခြင်း ခေါင်းစဉ်ဖြင့် ဖတ်ရှုပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။    

အဆိုပါ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာန မှထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းများ အရည်အချင်းမြှင့်တင်ရေးအတွက် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင် ( ပြန်/ဆက် )