တွံတေး ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ဒေသခံပြည်သူများ၊ စာဖတ်၊ စာဌားပရိတ်သတ် စာပေများ ဖတ်ရှုသည့် အလေ့အကျင့် ရှိစေရန် အများပြည်သူ ဗဟုသုတပြည့်ဝစေရေး၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ် ဗဟုသုတများရရှိလာစေရေး၊ အမှားအမှန် ဝေဖန်ပိုင်ခြား နိုင်စေရေး၊ မိမိဖတ်ရှုထားသော စာအုပ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးတတ်စေရေးနှင့် စာပေ ဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းသိရှိစေရန် ရည်ရွယ်၍ Youth Clubအဖွဲ့တို့၏ စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဖြူဖြူဝင်း (စာကြည့်တိုက် လက်ထောက်- ၃) ( ရွှေမင်းသမီး- ပြန်/ဆက်)က ဦးဆောင် ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Youth Clubအသင်းမှ မခိုင်ဇင်ကျော်၊ မဇင်မာအောင်တို့မှ ပါဝင်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒေါ်ဖြူဖြူဝင်း(စာကြည့်တိုက်လက်ထောက်- ၃)က "စာရေးဆရာ မောင်မြင့်ကြွယ်နှင့် မောင်မောင်အေး ( MMA)" ရေးသားသည့်" ထူးချွန်သူ၅၀၀တို့၏ ကိုယ်တွေ့အောင်မြင်ရေး နီတိ"စာအုပ်မှ အဓိက ရည်ရွယ်ချက်(သို့မဟုတ်)ပန်းတိုင်ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ဘဝ၌ သင်ဘာဖြစ်ချင်ပါသနည်း။
ထိုကဲ့သို့ ဖြစ်ထိုက် အောင်ပြန်လည်ပေးဆပ်ရန် သင်ထံ၌ မည်သည့်အရာများ ရှိပါသနည်း ဆိုတာကို ခွဲခွဲခြားခြားသိဖို့ လိုကြောင်း၊လောက၌ အောင်မြင်သောပုဂ္ဂိုလ်များသည် ဘဝ၌ သူတို့လိုချင်သည့် ကိစ္စကိုသာအာရုံစိုက်လေ့ရှိကြကြောင်း၊ မလိုလျင်သည့် အရာများတွင် အာရုံစိုက်လေ့ မရှိကြကြောင်း၊ တန်ဖိုးရှိသောအချိန်တွေကို အကျိုးရှိရှိကုန်ဆုံးကြကြောင်း၊ မိမိဘဝပန်းတိုင်ကို ရွေးချယ်ရာ၌ မြင့်မားစွာ ရည်မှန်းချက်ထားရှိဖို့လိုကြောင်း ထိုရည်မှန်းချက်အတိုင်း တိကျစွာလိုက်နာကျင့်ကြံ ကြိုးစား အားထုတ်ရန်လိုကြောင်း၊ မိမိကအသိပညာ၊ အတတ်ပညာ တစ်ခုခုကိုထူးချွန်တတ်မြောက်ထားပါက ထိုအတတ်ပညာဖြင့် မိမိဘဝကို အောင်မြင်တိုးတက်အောင် စွမ်းဆောင်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ Youth Club အဖွဲ့မှ မခိုင်ဇင်ကျော်က " စိတ်အားထက်သန်မှု" ခေါင်းစဉ်ဖြင့်လည်းကောင်း၊Youth Club အဖွဲ့မှမဇင်မာအောင်က " အခက်အခဲများလေ့လာသင်ယူမှု" ခေါင်းစဉ်တို့ဖြင့် မိမိတို့ ဖတ်၊မှတ်မိသမျှ ဆွေးနွေးကြရာ တက်ရောက် လာသူများက စာအုပ်၏ အကြောင်းအရာများကို မိမိတို့ဖတ်သမျှ အမြင်ချင်ဖလှယ်ခဲ့ပြီး သိလိုသည်များ မေးမြန်းရာ ဦးဆောင် ဆွေးနွေးသူ ဒေါ်ဖြူဖြူဝင်း(စာကြည့်တိုက်လက်ထောက်- ၃)က ပြန်လည် ရှင်းလင်း ဆွေးနွေးကာ ယခုလို စာဖတ်ဝိုင်းများ ပြုလုပ်ပေးရခြင်း၏ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများအကြောင်းနှင့် တက်ရောက်ဆွေးနွေးကြသူများကို ကျေးဇူးတင်ရှိ ပါကြောင်း၊ လစဉ်စာဖတ်ဝိုင်း ပြုလုပ်သည့်အခါ တက်ရောက်ဆွေးနွေးပေးကြရန် ပြောကြားခဲ့ပြီး အဆိုပါစာဖတ်ဝိုင်းသို့ Youth Clubမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တွံတေးသား