မိတ္ထီလာတွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါကာကွယ်ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်များဖွင့်လှစ်ဆောင်ရွက်

မိတ္ထီလာ  ဖေဖော်ဝါရီ  ၂၂

မိတ္ထီလာမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါကာကွယ်ထိန်းချုပ်ရေးစစ်ရေးဂိတ် ၂ ခုကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ယနေ့နံနက် ၉ နာရီအချိန်ကစတင်ပြီး မြို့ဝင်မြို့ထွက်တိုးဂိတ် ၂ ခုတွင် ဖွင့်လှစ် ဆောင်ရွက်ကြောင်းသိရသည်။

မိတ္ထီလာ−ကျောက်ပန်းတောင်းကားလမ်း မြတ်နိုးသူတိုးဂိတ်နဲ့  မိတ္ထီလာ−မလှိုင်လမ်း ထွန်းညိုလူ တိုးဂိတ်တို့မှာ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဌာနဆိုင်ရာတွေနဲ့ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရပ်ကျေးစာရေးများပါဝင်တဲ့ ပူးပေါင်းအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးဆောင်ရွက်တာဖြစ်ပါတယ်။ ဌာနဆိုင်ရာတွေနဲ့အတူ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဌာန ၊ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က  မိတ္ထီလာမြို့တွင်းကို ဝင်ရောက်လာ တဲ့သူတွေကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ အောက်ဆီဂျင် တိုင်းတာခြင်းနဲ့  ခရီးသွားရာဇဝင် မှတ်တမ်းကောက်ယူခြင်းတွေကို ဆောင်ရွက်ပါတယ်ဟု ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးနေဦးက ပြောသည်။

အဆိုပါ  ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါကာကွယ်ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်များကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိ ဖွင့်လှစ်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ချမ်းသာ