Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ခင်ဦးမြို့ သန့်ရှင်းသာယာလှပရေး နေ့စဉ်ဆောင်ရွက်လျက်ရှိ
Feb 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့တွင်း သန့်ရှင်းသာယာ လှပရေးအတွက် နေ့စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ဒုံမြို့(အ.ထ.က)ကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်နည်း သရုပ်ပြပွဲပြုလုပ်
Feb 23,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့မီးသတ်ဦးစီးဌာနမှ ယမန်နေ့ နေ့လယ် ၁ နာရီက ကျိုက်ဒုံမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်နည်း သရုပ်ပြပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့ စက်မှုလုပ်ငန်းများနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး လုပ်ငန်းများအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် သယံဇာတနှင့်စွမ်းအင်ဝန်ကြီးတို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 23,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် သယံဇာတနှင့် စွမ်းအင်ဝန်ကြီး ဦးစိုင်းမြင့်အေးတို့သည် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက် ၈ နာရီခန့်က ရေနံချောင်းမြို့ စက်မှုလုပ်ငန်းများနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Feb 23,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ “အိုမီခရွန်” ရောဂါ ကူးစက်ပြန့်ပွားမှုကိုကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဌာနမှ အရင်းမပျောက် ရန်ပုံငွေကျပ်သိန်း(၃၀၆)အား ကျေးရွာရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များအား ထုတ်ချေးပေး
Feb 23,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတို့တက်ရေး ဦးစီးဌာနမှ မြစိမ်းရောင် စီမံကိန်းကျေးရွာဖြစ်သည့် ခရိုက်နှီးဟု ကျေးရွာအုပ်စု၊ တော်ပကောက်ကျေးရွာရှိ ကျေးရွာရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များထံ ဖေဖော်ဝါရီ ၂၁ ရက်နေ့ က အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၃၀၆၀၀၀၀ဝိ/-) အား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုံပါကျင်မြို့၊ နားကောင်းမူးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Feb 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့် အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီ ဌာနမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ပုံပါကျင်မြို့၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူးကျေးရွာနေ လီဆူတိုင်းရင်းသားများထံသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်တွင် ဆီးစိုက်တောင်သူများ ယမန်နှစ်ကထက် ဆီးသီးစျေးနှုန်း ပိုမိုရောင်းချရသဖြင့် အဆင်ပြေလျက်ရှိ
Feb 23,2022
မိတ္ထီလာမြို့နယ်တွင် ဆီးစိုက်တောင်သူများ ယမန်နှစ်ကထက် ဆီးသီးစျေးနှုန်း ပိုမိုရောင်းချရသဖြင့် အဆင်ပြေလျက်ရှိကြောင်း ဆီးစိုက်တောင်သူတစ်ဖြစ်သည့် ဆီးချိုကုန်းကျေးရွာ ဒေါ်ရီမြင့်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြော
Feb 23,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းဆောင်၌ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောခြင်း ကို ယနေ့ မွန်းလွဲပိုင်းက ကိုဗစ်-၁၉ညွှန်ကြားချက်နှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19586
Page
19587
Page
19588
Page
19589
Current page
19590
Page
19591
Page
19592
Page
19593
Page
19594
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department