မင်းပြား ဖေဖေါ်ဝါရီ ၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် ဗီဇပြောင်း အိုမီခရွန် ရောဂါပိုးကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးဆိုင်ရာ လုပ်ငန်းများအား အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်း (Mask Campaign) ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ရာသို့ မင်းပြားမြို့နယ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ကိုဗစ်-၁၉ရောဂါနှင့် စပ်လျဉ်း၍ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ဗိုင်းရပ်စ် ရောဂါပိုး ကူးစက် ပြန့်နှံ့မှုရက်ပိုင်းအတွင်း ပိုမိုများပြားလာကြောင်းတွေ့ရှိရသဖြင့် မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက် ကာကွယ်တားဆီးနိုင်ရန်နှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်းလျှော့နည်း ခြင်းများရရှိပြီးဖြစ်၍ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးနည်းလမ်းများ နှင့်အညီ နေထိုင်ကြရန်နှင့် ကာကွယ်ဆေးများကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကာကွယ်ဆေး အပြည့်အဝရရှိစေရန် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ မိဘပြည်သူများအနေဖြင့်လည်း မပျက် မကွက် သတ်မှတ်နေရာများတွင် ထိုးနှံပေးကြရန် အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ထို့နောက် ပူးပေါင်းအဖွဲ့တို့သည် လူစည်ကားရာနေရာဖြစ်သည့် ကားဂိတ်၌ကျေးရွာမှ ဈေးရောင်း ဈေးဝယ်ရောက်ရှိနေကြသည့် ပြည်သူများနှင့် လမ်းသွားလမ်းလာနေသည် ပြည်သူများအား ပါးစပ်၊နှာခေါင်းစည်း (Mask) များ စနစ်တကျတပ်ဆင်ရန် အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ရောဂါပိုးကူးစက် ပြန့်ပွားမှုမရှိစေရန် အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။
သိန်းနုအောင်