(၇၄)နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားတီးတိန်၌ပြုလုပ်

တီးတိန် ဖေဖော်ဝါရီ  ၂၂

ချင်းပြည်နယ် တီးတိန်မြို့၌(၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီ  ၂၀ နေ့ နံနက်၁၀နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွေးက ဖတ်ကြားသည်။
ဆက်လက်၍ (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲတွင် (၃)ယောက်တွဲ ပိုက်ကျော်ပြိုင်ပွဲ၊ အမျိုးသားအငယ်တန်း တင်းနစ်ပြိုင်ပွဲနှင့် အမျိုးသား(၂)ယောက်တွဲ ပိုက်ကျော်ပြိုင်ပွဲများ၌ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ကြသည်။
အဆိုပါ အခမ်းအနား၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ဒိုင်းဒိမ့်(ပြန်/ဆက်)
09400312019