ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ ညောင်ဦးမြို့နယ် နတ်ပလင်ကျေးရွာနှင့် တောဇွန်တဲတိုက်သို့ သောက်သုံးရေလှူဒါန်း

ညောင်ဦး  ဖေဖော်ဝါရီ  ၂၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ နတ်ပလင်ကျေးရွာနှင့် ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု တောဇွန်တဲတိုက်တို့တွင် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ ယနေ့နံနက် ၈ နာရီခွဲအချိန်က သောက်သုံးရေ ၂၄၀၀ဂါလံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် နတ်ပလင်ကျေးရွာသူ/ ကျေးရွာ သားများအတွက် သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ပြီး၊ ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု တောဇွန်တဲတိုက်အတွက်  သောက်သုံးရေဂါလံ ၈၀၀ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော တဲတိုက်များ၊ ကျေးရွာများအတွက် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ယခုလှူဒါန်းသည့် နတ်ပလင် ကျေးရွာ သောက်သုံးရေဂါလံ ၁၆၀၀ နှင့် တောဇွန်တဲတိုက်အတွက် သောက်သုံးရေ ဂါလံ ၈၀၀ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေ ဂါလံ ၈၂၆၀၀ ဂါလံ လှူဒါန်းပေးခဲ့ပြီဖြစ်ကြောင်းသိရသည်။

ကိုထိန်၊ KPD

ညောင်ဦးခရိုင် (ပြန်/ဆက်)