လသာ ဖေဖော်ဝါရီလ ၂၃
ပြည်သူများ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု တပိုင်တနိုင်စီးပွားရေး လုပ်ငန်းအဖြစ် ဆောင်ရွက်နိုင်ရန်၊ မိသားစုအတွက် ကိုယ်တိုင်ပြုလုပ် အသုံးပြု နိုင်ရန်အတွက် ရည်ရွယ်ကာ ဘက်စုံသုံး သုံးဆပ်ပြာဆီသင်တန်းကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့၊ မွန်းလွဲ (၁) နာရီအချိန်က လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံး၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မို့မို့သူက ဆပ်ပြာဆီပြုလုပ်ရာတွင် ပါဝင်သောပစ္စည်းတစ်ခုချင်း၏ အမည်နှင့် အသုံးပြုပုံများအား စာတွေ့ရှင်းလင်းပြောကြားခြင်းနှင့် ဆပ်ပြာဆီအဆင့်ဆင့်ပြုလုပ်ပုံအား လက်တွေ့သင်ကြားခြင်း တို့ကိုဆောင်ရွက်ခဲ့သည်။
ထို့နောက် သင်တန်းသားများက သင်ယူတတ်မြောက်မှုအား ဆပ်ပြာဆီပြုလုပ်ခြင်းတို့ကို လက်တွေ့ဆောင်ရွက်ခဲ့ပြီး အဆိုပါ သင်တန်းသို့ စိတ်ပါဝင်စားသူ သင်တန်းသား (၁၁) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။.
မို့မို့သူ (ပြန်/ဆက်)