သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(COVISHIELD)အမျိုးအစား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

သင်္ဃန်းကျွန်း  ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး COVISHIELD အမျိုးအစားကို ပြည်သူများအား ယမန်နေ့နံနက် (၈)နာရီအချိန်မှ ညနေ (၃)နာရီအချိန်အထိ ဒုတိယအကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူ ကျား(၇၀)ဦး၊  မ(၁၀၅)ဦး စုစုပေါင်း(၁၇၅)ဦးတို့အား ကျိုက္ကစံဘုရားဝန်းအတွင်းရှိ ဓမ္မဗိမာန်တော်တွင်  မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောရွှေအောင်ဖြူနှင့်အဖွဲ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးခဲ့ကြပါ သည်။

ကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများ စစ်ဆေးပြီးမှ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်ပေးမှာဖြစ်ကြောင်း မြို့နယ်ကျန်းမာရေဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။

စန္ဒာမိုး