တနင်္သာရီမြို့နယ် (လဝက)မှ “ပန်းခင်းစီမံချက်” ဖြင့် ညောင်ပင်ကွင်းကျေးရွာသို့ အိမ်ထောင်စု(၃၁၆)နှင့် နိုင်ငံသားကတ် (၆၁၅) ဦးအား ကွင်းဆင်းပြုလုပ်ပေးခဲ့

တနင်္သာရီ   ဖေဖော်ဝါရီလ   ၂၃

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ (လဝကမှူး) ဦးတင့်နိုင်နှင့် ဝန်ထမ်းများသည် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လက်ဝယ်ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ညောင်ပင်ကွင်းကျေးရွာအုပ်စု အတွင်း ဖေဖော်ဝါရီလ (၁၇ ရက်မှ ၂၂) ရက်အထိ (၆)ရက်တိတိ သဘော့လိပ်ကျေးရွာနှင့် ညောင်ပင်ကွင်းအရှေ့ရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာမှာ အိမ်ထောင်စုလူဦးရေစာရင်း (မရှိ)သေးသူများနှင့် နိုင်ငံသားစိစစ်ရေးကတ် (မရှိ)သေးသူများကို လုပ်ငန်းစဉ်(၄)မျိုးဖြင့် အသက်(၁၀)နှစ်ပြည့်မှစ၍ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေးအတွက် ပြုလုပ်ပေးရာ ယနေ့မှာ နိုင်(၃/က)(၂၃၄)ဦး၊ နိုင် ၆(က)(၃၂၂)ဦး၊ လဲလှယ်(၂၀)ဦးနှင့် မိတ္တူ(၃၉)ဦးပြုလုပ်ပေးနိုင်ခဲ့သဖြင့် နိုင်ငံသားကတ်ပေါင်း (၆၁၅)ဦး နှင့် အိမ်ထောင်စုလူဦးရေစာရင်း(၃၁၆)စုတို့အား ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ် (လဝက) ရုံးမှ သတင်းရရှိသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)