လသာ ဖေဖော်ဝါရီ ၂၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ အထက (၂) လသာကျောင်း၀င်း အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာမျိုးကိုကိုနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံရန်လာရောက်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးပြီးအဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ရှိကြောင်း သိရသည်။
ယနေ့တွင် အသက်(၁၈)နှစ်နှင့်အထက် ပထမအကြိမ်ထိုးနှံသူကျား (၂၆) ဦး၊ မ (၇) ဦး၊ စုစုပေါင်း (၃၃) ဦးတို့ကို ရောဂါကွယ်ဆေးထိုး နှံပေးခဲ့ကြောင်း သိရသည်။
မို့မို့သူ ( ပြန်/ဆက်)