ညောင်ဦးမြို့နယ် ငရုပ်စိုက်ပျိုးတောင်သူများ ငရုပ်သီးမျိုးပေါ်မူတည်ပြီးဈေကွာခြားမှုများ ရှိနေ

ညောင်ဦး ဖေဖော်ဝါရီ  ၂၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် ငရုပ်သီးအမြောက်အများ စိုက်ပျိုးသည့် ကျေးရွာများဖြစ်ကြကာ ငရုပ်သီးများရင့်မှည်ဆွတ် ခူးရောင်းချချိန် ငရုပ်မျိုးပေါ်မူတည်ကာ ဈေးနှုန်းကွာခြားမှုဖြင့် ရောင်းချနေရကြောင်း လက်ပံခြေပေါ် ကျေးရွာအုပ်စု ၊ရွာသစ်ကုန်းကျေးရွာ ဦးမင်းညိုထံက သိရသည်။

ညောင်ဦးမြို့နယ် ငရုပ်စိုက်ပျိုးတောင်သူများသည် မြေအောက်ရေတူးဖော်ကာ လယ်၊ယာ၊ ကိုင်း ၊ကျွန်း ၊ဥယျာဉ်ခြံလုပ်ငန်းများလုပ်ကိုင်ကြကာ ဈေးနှုန်းကောင်းနိုးရာရာ သီးနှံများစိုက်ပျိုးကြပြီး ယခုနှစ်တွင်လည်း ငရုပ်စိုက်ပျိုးကြရာ ငရုပ်များအောင်မြင်ဖြစ်ထွန်းပြီး အသီးသီးနှုန်းလည်း ကောင်းမွန်ကာ ငရုပ်သီးမျိုးအပေါ် မူတည်ပြီးဈေး နှုန်းကွာခြားသွားကြောင်း သိရသည်။ မြေအောက်ရေသွင်းစိုက်ပျိုးကြသည့် ညောင်ဦးမြို့နယ် ၊ငရုပ်စိုက်ပျိုးတောင်သူများသည် မျှားနီတံဆိပ် အောက်ဆွဲသီးနှင့် မျှားနီတံဆိပ်မိုး ထောင်သီးနှစ်မျိုးစိုက်ပျိုးကြကြောင်း ၊ငရုပ်သီး ဆွတ်ခူးရောင်းချချိန် မျှားနီတံဆိပ် အောက်ဆွဲသီးတစ်ပိသာ ၆၀၀ကျပ်ရောင်းချရပြီး ၊မျှားနီ တံဆိပ်မိုးထောင်သီး တစ်ပိသာ ၁၄၀၀ကျပ် ရောင်းချရကြောင်း ငရုပ်စိုက်တောင်သူ ဒေါ်နှင်းဆီက ရှင်းပြသည်။

ငရုပ်စိုက်ပျိုးခြင်းအား အစေ့ပျိုးဘောင်ဖြင့်ပျိုးထောင်ကြကာ ၄၅ရက်သားရှိလျှင် စိုက်မည့် စိုက်ခင်းသို့ ရွေ့ပြောင်းစိုက်ပျိုးရကြောင်း၊ ရွေ့ပြောင်းစိုက်ပျိုးပြီး တစ်လခွဲအချိန်တွင် အဖူးအပွင့်ပွင့်ကာ အသီးစတင်သီးပြီး ငရုပ်သီးရင့်ချိန် ခူးရောင်းကြကြောင်းသိရ သည်။ ငရုပ်သီးခူးသမားတစ်ဦး တနေကုန် သုံထောင်ကျပ်ပေးရပြီး ထွက်ရှိလာသည့် ငရုပ်သီးများအား ပခုက္ကူဈေးကွက်၊ ညောင်ဦးဈေးကွက်၊ မြင်းခြံ ၊မန္တလေးသို့ကိုယ်တိုင်သွားရောက် ရောင်းချခြင်း၊ ငရုပ်သီးပွဲစားများ လာရောက်ဝယ်ယူကြကြောင်းသိရကာ မိုးထောင်ငရုပ်သီးနှင့် အောက်ဆွဲသီး ဈေးနှုန်းမှာလည်း ဈေးနှုန်းကွာခြားကြောင်း ငရုပ်စိုက်တောင်သူများက ရှင်းပြသည်။

ကိုထိန်