ရန်ကုန် ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ဖေဖော်ဝါရီလ၂၁ ရက်နေ့က ကမာရွတ်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ သံလွင်လမ်း၊ (၉၉) ကုန်း၊ အမှတ် (၃၅) အတွင်း မီးလောင်ကျွမ်းမှု ဖြစ်စဉ်ကြောင့် မီးဘေးသင့်ခဲ့သည့် ပြည်သူများအား ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေ (၃နာရီခွဲ) အချိန်က ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ပေးအပ်သော ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုးမှ သွားရောက်လက်ခံရယူခဲ့ပြီး နောက်အမှတ် (၁၀) ရပ်ကွက်အုပ်ချုပ်ရေးမှုးထံသို့ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ရာ ရပ်ကွက် အုပ်ချုပ်ရေးမှုးမှ တဆင့်မီးဘေးသင့် အိမ်ထောင်စုဝင်များအားပေးအပ်ခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)