သတင်းများ

ညောင်ဦးမြို့နယ်ရှိ မီးဘေးသင့်ပြည်သူများအား ငွေနှင့်အသုံးအဆောင်ပစ္စည်း များလှူဒါန်း
Feb 27,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကြအိုကျေးရွာအုပ်စု၊မြောင်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၁ရက်၊ နံနက် ၁၀နာရီ ၁၀မိနစ်အချိန်ကမီးလောင်ကျွမ်းခဲ့သည့် အိမ်ထောင်စုများအတွက် ညောင်ဦးမြို့နယ် တောင်ဘီလေးကျေးရွာအုပ်စုရှိ ကျေးရွာများစုပေါင်းကာ ဖေဖော်ဝါရီ ၂၇ရက်၊ နံနက် ၁၀နာရီအချိန်က ငွေနှင့်အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ ကြောင်းသိရသည်။
မိုးကောင်းမြို့ အထက(၁)ကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး
Feb 27,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ် ၁ နာရီတွင်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ် ကျိုက်မှော်ဝန်း ရေလယ်တော်စေတီတော်မြတ်(၁၁၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပ
Feb 27,2022
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ရှေ့ဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မြတ်ကြီး၏ (၁၁၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို တပေါင်းလဆန်း ၇ရက်မှ တပေါင်းလပြည့်နေ့(မတ်လ ၈ ရက် မှ ၁၆ ရက်)နေ့ အထိ ကျင်းပမည်ဖြစ်သည်။
စစ်ကိုင်းမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့လှူဒါန်းသည့် အောက်ဆီဂျင်စက်ရုံ စတင်တည်ဆောက်နေ
Feb 27,2022
စစ်ကိုင်းမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့လှူဒါန်းသည့် အောက်ဆီဂျင် စက်ရုံကို စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်(၁)လမ်းတွင် စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း တစ်သိန်းခွဲကျော် ပျိုးထောင်ထားရှိ
Feb 27,2022
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ ယခု ၂၀၂၁  - ၂၀၂၂ ခုနှစ်၊ မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ သဘာဝတောများ ကောင်းမွန်စေရေးနှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတု အပူဒဏ် ကာကွယ်နိုင်ရေးအတွက် စိုက်ပျိုးရန် ပျိုးပင်ပေါင်း တစ်သိန်းခွဲကျော် ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ် မုန်းဒေသ၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ RDT Test Kit ဖြင့် စစ်ဆေး
Feb 27,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းဒေသ၌ ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက သွားလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ RDT Test Kit ဖြင့် ရှောင်တခင်စစ်ဆေးခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့်အဖွဲ့ဝင်များသည် ခရိုင်/မြို့နယ် ကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံ
Feb 27,2022
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် အဖွဲ့တို့သည်  နေ့နံနက်ပိုင်းက ကျောက်မဲမြို့သို့ ရောက်ရှိလာပြီး ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ခရမ်းချဉ်သီးစိုက်ပျိုးထုတ်လုပ်မှုအောင်မြင်ဖြစ်ထွန်း
Feb 27,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ထိုင်ဝမ်ခရမ်းချဉ်သီးမျိုး တစ်ပိုင်တစ်နိုင် စိုက်ပျိုး ထုတ်လုပ်မှုသည် အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး တောင်သူများ ဈေးကောင်းရရှိရန် မျှော်လင့်ကြောင်း သိရသည်။