မောင်တော ဖေဖော်ဝါရီ ၂၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ သုံးမြွှာပူးကလေး မွေးဖွားသူမိခင်နှင့် ကလေးများအား ယမန်နေ့နံနက်ပိုင်းက ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဒိုးတန်း ကျေးရွာနေ ဒေါ်မော်ရီယာ အသက်(၃၆)နှစ်သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံ၌ အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦး သုံးမြွှာပူး မွေးဖွားခဲ့သဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သည့် ငွေကျပ် ၅ သိန်းအား မောင်တောခရိုင်ရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်နှင့် ဝန်ထမ်းများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)