မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်ရေး  Mask Campaign ဆောင်ရွက်

မိုးမိတ်  ဖေဖော်ဝါရီ ၂၈ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ  ဦးအောင်ဘော်နှင့် ကော်မတီအဖွဲ့ဝင်များသည် ယနေ့နံနက် ၇ နာရီ အချိန်မှစတင်၍  ကိုဗစ် ၁၉ ရောဂါ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask Campaign ကို မြို့ကျက်သရေဆောင်ခန်းမရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များသည် ကိုဗစ်-၁၉ စတုတ္ထလှိုင်းရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာ ကွယ်နိုင်ရေးအတွက် ဒေသခံမိဘပြည်သူများအား နှာခေါင်းစည်း (mask) တပ်ဆင်၍ သွားလာကြရန်အတွက်  နှာခေါင်းစည်း (mask) များဖြန့်ဝေခြင်း၊  အသိပညာပေးခြင်းနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကလေးငယ်များက လက်ဆေးပါသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။  

စည်သူဌေး (ခရိုင်ပြန်/ဆက်)