လွိုင်လင်မြို့၌ Physical Fitness Dance သင်တန်းဆင်းပွဲကျင်းပ

လွိုင်လင်  ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(ပင်လုံ) တို့ ပူးပေါင်းဖွင့်လှစ်သည့် Physical Fitness Dance  သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂  နာရီက နည်းပညာ အထက်တန်းကျောင်း(ပင်လုံ) ရှိ ဖူဆယ်ဘောလုံးကွင်းတွင် ကျင်းပသည်။

အစီအစဉ်အရ ရှေးဦးစွာ သင်တန်းသား အဖွဲ့ သုံးဖွဲ့မှတစ်ဖွဲ့ခြင်းစီ  Physical Fitness Dance သရုပ်ပြသကြသည်။ ယင်းနောက် သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း အစီအစဉ်တွင် အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ) ဒုတိယကျောင်းအုပ်ကြီး ဒေါ်အိအိဇာက နည်းပြများအား ပေးအပ်ပါသည်။

ဆက်လက်၍ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်ညိုညိုခင်က သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသား/သူ နှစ်ဦးကလက်ခံရယူကြသည်။ ထို့နောက် သင်တန်းသား/သူ အဖွဲ့သုံးဖွဲ့ စုပေါင်းကာ ပြန်လည်သရုပ်ပြကြပြီးနောက် မှတ်တမ်းဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။  

‌အဆိုပါသင်တန်းဆင်းပွဲသို့ ခရိုင်အမျိုးသမီးအားကစား ကော်မတီဝင်များ တက်ရောက်ကြကြောင်း သိရသည်။

လွိုင်လင်မိုး