ကျိုက်မရော ဖေဖော်ဝါရီ ၂၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီအသင်း(ခွဲ)နှင့် ဖြူစင်နှလုံးသား လူမှုကယ်ဆယ်ရေးအသင်း တို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ များဖြစ်သည့် မီးဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး အန္တရာယ်များ မတော်တစ်ဆ ကျရောက်လာပါက အချိန်မီ ရှာဖွေ ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများ လက်တွေ့ဆောင်ရွက်တတ်စေရန် ရည်ရွယ်ချက်ဖြင့် သဘာဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းနှင့်ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့နံနက်၁၀ နာရီက ကျိုက်မရောမြို့မီးသတ် ဦးစီးဌာန အဆောက်ဦသစ်ရှိ သင်တန်းခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိဦးတင်သောင်းဦးက သဘာဝဘေးအန္တရာယ် အတွက်ကြိုတင် ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရခြင်း၏ ရည်ရွယ်ချက်နှင့် မီးသတ်ဦးစီးဌာန၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့် ပတ်သက်၍ စီမံချက်များနှင့် ကြိုတင်ပြင်ဆင်ထားမှု့များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အရန်မီးသတ်တပ်ဖွဲဝင်များက နွေရာသီသို့ကျရောက်တော့မည်ဖြစ်သဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးကို လက်တွေ့ သရုပ်ပြကြပြီး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲမှ တပ်ဖွဲ့ဝင်များ နှင်းဖြူစင်နှလုံးသား လူမှုကယ်ဆယ်ရေးအဖွဲများက မီးလောင် နေစဉ်နှင့် မီးလောင်ပြီးလူများကို ကယ်ထုတ်ရမည့် ရှာဖွေကယ်ဆယ်ရေးပုံစံများကို လက်တွေ့သရုပ်ပြခြင်း၊ ငလျင် ဘေးဒဏ်ကျရောက်ပါက ရှာဖွေကယ်ဆယ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ခြင်း ပုံစံများကို ဇတ်တိုက်လေ့ကျင့်သရုပ်ပြခဲ့ကြကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)