ကွမ်းခြံကုန်း မတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွမ်းခြံကုန်းမြို့နယ် လူစည်ကားရာနေရာများဖြစ်သော မြို့မစျေး၊ ဗိုလ်ချုပ်လမ်းမကြီးတလျှောက်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေး ဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ် ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူများ ပူးပေါင်း၍ ခရီးသွားပြည်သူများ၊ ဈေးရောင်း ဈေးဝယ်ပြည်သူများအား ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်း Maskကို မဖြစ်မနေ စနစ်တကျ တပ်ဆင်သွားလာရန် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များအား လိုက်နာဆောင်ရွက်ရန်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး နှာခေါင်းစည်း( Mask) တပ်ဆင်ခြင်း မရှိသူများအား နှာခေါင်းစည်း ( Mask)များ (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆွေနွယ်