ကျောက်တော် မတ် ၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကူးစက်ပြန့်နှံမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ကမ္ဘာ့ရတနာဘဏ်ရှေ့ လူစည်ကားရာလမ်းဆုံနေရာတွင် ယနေ့ နံနက် ၉ နာရီအချိန်က ပြည်သူများ အနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက် ပြန့်နှံမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး ဉက္ကဌနှင့်အဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ပြည်သူကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရွှေရောင်ဂရုဏာသွေးလှူရှင်များအသင်းရုံးမှ စေတနာ့ ဝန်ထမ်းများ ပူးပေါင်းကာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ မိဘပြည်သူများအနေဖြင့် အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ စနစ်တကျတပ် ဆင်သွားလာကြရန်၊ လမ်းသွားလမ်းလာပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သုံးဘီးဆိုင် ကယ်မောင်းနှင်သူများ၊ ထွေလာဂျီ မောင်းနှင်သူများ၊ ဈေးရောင်း၊ ဈေးဝယ်လာသူများနှင့် ခရီးသွား ပြည်သူများအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာမှု ရှိ/မရှိကွင်းဆင်း စစ်ဆေးခြင်းများအား အရှိန်အဟုန်မြင့် ကွင်းဆင်းစစ်ဆေး ဆောင်ပေးရွက်လျက်ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း