ကျိုက်ဒုံ မတ် ၄
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်နေကြသည့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူးဦးမင်းဇော်နှင့်ရပ်ကွက် စာရေးများ၊ မီးသတ်ဦးစီးမှူး ဦးအောင်မြတ်ထက်နှင့် မီးသတ်အဖွဲ့မျာ၊ တာဝန်ရှိသူများက နေအိမ်များ၊ စက်ရုံများတွင် မီးချိတ်မီးကဒ်၊ရေပုံးသဲပုံး၊ မီးသတ်ဆေးဗူးများ၊ နေအိမ် မီးဖိုချောင်အထားအသိုများ သတ်မှတ်ထားသည့် စည်ကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ၊မရှိ တစ်အိမ်တက်ဆင်း စစ်ဆေးပြီး လိုအပ်သည်များကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)