မိတ္ထီလာ မတ် ၄
မိတ္ထီလာမြို့နယ်ရှိ ကျေးရွာများတွင် မိသားစုဝင်ငွေရလုပ်ငန်းအဖြစ် ထန်းတက်လုပ်ငန်းလုပ်ကိုင်သော ဒေသခံတောင်သူများအနေဖြင့် ထန်းပင်ပြုပြင်ခုတ်ဖြတ် ရာမှရရှိသော ထန်းလက်များရောင်းချ၍ မိသားစုပိုငွေဝင်ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နှစ်စဉ်တပို့တွဲလနဲ့ တပေါင်းလထဲမှာ ထန်းပင်ထန်းလက်တွေကို ပြုပြင်ခုတ်ဖြတ်ပေးရတယ်။အဲဒါမှ ထန်းပင်တွေပိုပြီး ရှင်သန်ကြီးထွားလို့ ထန်းလက်အသစ် တွေလည်း ပိုမိုထွက်ရှိလာတာ ဖြစ်ပါတယ်။ ထန်းတက်လုပ်ငန်းလုပ် ကိုင်တဲ့သူတွေရော၊ ထန်းတက်လုပ်ငန်း မလုပ်ကိုင်တော့တဲ့ ထန်းတောပိုင်ရှင်တွေရော အနေနဲ့ ဒီအချိန်က ဒီကာလမှာ ထန်းပင်တေကို ပြုပြင်ခုတ်ဖြတ်ပေးရတယ်။ ထန်းလက်အခြောက်တွေ ခုတ်ဖြတ်ပြီး လွှင့်ပယ်ရပေမယ့် ခုတ်ဖြတ် ပြုပြင်ရာက နေထွက်ရှိတဲ့ ထန်းလက်အစိုတွေကိုတော့ ရောင်းချရတယ်။ ကျေးရွာတွေဘက်မှာ အိမ်အမိုး၊ တဲအမိုးအတွက် ထန်းလက်တွေကို အသုံးပြုနေကြ ဆဲဖြစ်တဲ့ ထန်းလက်တွေကို ကျေးရွာတွေနဲ့ နီးကပ်တဲ့ ရပ်ကွက်တွေမှာ နေထိုင်သူတွေကလည်း နွေရာသီ အပူဒဏ် သက်သာအောင် ထန်းလက်တွေဝယ်ပြီး ယာယီအပူ ရှောင်တဲလေးတွေကို ကိုယ့်အိုးကိုယ့်အိမ်ထဲမှ ဆောက်တာ မျိုးရှိတယ်။ တချို့က အရိပ်စင်တွေတွေဆောက်ကြတာရှိတယ်။ ထန်းလက် တစ်လက်ကို ၁၂ဝ ကျပ်ကနေ ၁၅ဝ ကျပ် အထိရောင်းချရတယ်။ အရောက်ပို့ပေးရတဲ့ နေရာဒေသ ခရီးအကွာအဝေး ပေါ်မှာ လည်းမူတည်ပြီးတော့ ထန်းလက်ဈေးနည်းတာများ တာတော့ကွာပါတယ်။ ထန်းလက် ၁ဝဝ ဆိုရင် တစ်သောင်း ခွဲကျပ်၊ ထန်းလက် ၂ဝဝ ဆိုရင် သုံးသောင်းကျပ် ရောင်းရတယ်။ ဒီအချိန်က ဒီကာလမှာ ထန်းလက် ရောင်းချရာကနေ့ မိသားစု အပိုဝင်ငွေလေးရတော့ အဆင်ပြေတယ် ပြောလို့ရပါတယ်ဟု လျှော်ဖြူကန်ကျေးရွာမှ ထန်းတက်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။
မိတ္ထီလာဒေသသည့် အညာဒေသများထဲတွင် ထန်းပင်ထန်းတောပေါများစွာပေါက်ရောက်ရှင်သန်သည့် ကျေး ရွာအများအပြားရှိသည့်ဒေသဖြစ်ပြီး တပို့တွဲလ၊တပေါင်းလများမှစတင်ပြီး မကျီးစု၊ကန်နီ၊ လျှော်ဖြူ ကန်၊ ကန်တိုင်ပေါက်၊ မကျီးချောက်၊ ရွာသာအေး၊ ရှမ်းတဲ၊ ကဖြူ၊ အုတ်နှဲဘုတ် စသည်ကျေးရွာများ၌ ထန်းတက်လုပ်ငန်းကို မိသားစုဝင်ငွေရ လုပ်ငန်းအဖြစ် တွင်ကျယ်စွာလုပ်ကိုင်ကြသည်။
ချမ်းသာ