မင်းဘူး မတ် ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ အမှတ် (၂) ရပ်ကွက် ခရိုင်ကြက်ခြေနီတပ်ဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး၊ ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ဒေါ်ချောခင်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနမှ စီမံချက်ညှိနှိုင်းရေးမှူး ဦးထွန်းလွင်တို့က ကြက်ခြေနီ သင်တန်းသား သင်တန်းသူလေးများအား သိသင့် သိထိုက်သည်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ သင်တန်းများ ပို့ချရာတွင် ၂၀၂၂ ခုနှစ်မတ်လ ၃ ရက်နေ့မှ ၁၀ ရက်နေ့အထိ ၈ ရက်ကြာ သင်တန်းဖွင့်လှစ် သင်ကြား သွားမှာဖြစ်ပြီး မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ်မှ သင်တန်းသား သင်တန်းသူ ၃၀ ဦးတက်ရောက် သင်ကြားလျက်ရှိကြောင်း မင်းဘူးမြို့ ကြက်ခြေနီတပ်ဖွဲ့ရုံးမှ သိရသည်။
ဇေယျာထက်(မင်းဘူး)