သတင်းများ

တမူးမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ ကွင်းဆင်းဆောင်ရွက်
Mar 05,2022
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ဝန်ထမ်းများက အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြား များ အခမဲ့ ယမန်နေ့ နံနက်(၉)နာရီအချိန်က စော်ဘွားရပ်ကွက် အ.မ.က(၁၁) ကျောင်းတွင် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ ဆောင်းပဲတီစိမ်းသီးနှံ လျာထားဧကထက်(၉၉၄)ဧက ပိုမိုစိုက်ပျိုး
Mar 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်းပဲတီစိမ်းသီးနှံ စိုက် ဧက(၂၆၀၇)စိုက်ပျိုးရန်လျာထားခဲ့ရာ (၃၆၀၁)ဧကစိုက်ပျိုးခဲ့သဖြင့် လျာထားဧကထက်(၉၉၄)ဧက ပိုမို စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ပျော်ဘွယ်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကျင်းပ
Mar 05,2022
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ အား နိုင်ငံသားစိစစ်ရေးကတ် များ ဆောက်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်(၉) နာရီခွဲက နိုင်ငံသားစိစစ်ရေးကတ်ပေးအပ်ပွဲကို အဆိုပါရုံးတွင် ကျင်းပပြုလုပ်သည်။
ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်၊ ပိတောက်လမ်းတွင် ကွန်ကရစ်ခင်းခြင်း (၅၄)ရာခိုင်နှုန်းခန့် ပြီးစီး
Mar 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာ မှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ်(၃၁.၆၀) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပိတောက်လမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ၁၉ရက်‌နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ ယနေ့မတ်လ၅ရက်နေ့တွင် (၅၄)ရာခိုင်နှုန်းခန့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 05,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ (၄) နာရီအချိန် က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
နမ္မတူမြို့နယ်တွင် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၂၅၅ဦးအားဒုတိယအကြိမ် Sinopharm အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေး
Mar 05,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများထိုးနှံပေး လျက်ရှိရာ ယမန်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၂၅၅ဦးအား ဒုတိယအကြိမ် Sinopharm အမျိုးအစား    ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရ သည်။
သထုံမြို့နယ်တွင် ရာဘာ အဝယ်လိုက်၍ ဈေးကောင်းရသောကြောင့် ခြံလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိ
Mar 05,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယခုနှစ် ရာဘာရာသီကုန်ဆုံးလုအချိန်၌ အဝယ်လိုက်ပြီး ဈေးကောင်းရနေသောကြောင့် တစ်နိုင်တစ်ပိုင် ရာဘာခြံလုပ်ကိုင်သူများ၊ ခြံသီးစား ဝယ်ယူ လုပ်ကိုင်သူများ၊ ထက်ဝက်စားစနစ်ဖြင့် အစေးခြစ်ယူသူများတို့ စားဝတ်နေရေး အဆင်ပြေ ကြောင်းရာဘာစိုက်ပျိုး‌ရေးလုပ်ငန်း လုပ်ကိုင်သူများ၏ ပြောကြားချက်အရ သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌  အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေး
Mar 05,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဆွေးနွေးခြင်း ကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။