ကျောက်ဆည် မတ် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်းပဲတီစိမ်းသီးနှံ စိုက် ဧက(၂၆၀၇)စိုက်ပျိုးရန်လျာထားခဲ့ရာ (၃၆၀၁)ဧကစိုက်ပျိုးခဲ့သဖြင့် လျာထားဧကထက်(၉၉၄)ဧက ပိုမို စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ဆောင်းပဲတီစိမ်းစိုက်ခင်းများကို တိုက်နယ်(၁)တွင်(၅၆၆)ဧက၊ တိုက်နယ်(၂)တွင်(၆၁၀)ဧက၊ တိုက်နယ် (၆)တွင် (၁၂၀၀)ဧက၊ တိုက်နယ်(၈)တွင်(၅၁၀)ဧက၊တိုက်နယ်(၁၁)တွင်(၂၀၅)ဧက၊ တိုက်နယ်(၁၂)တွင် (၅၁၀)ဧက၊ စုစုပေါင်း (၃၆၀၁)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် တိုက်နယ် (၃)၊ တိုက်နယ်(၄)၊ တိုက်နယ်(၅)၊ တိုက်နယ်(၇)၊ တိုက်နယ်(၉)နှင့် တိုက်နယ်(၁၀)တို့တွင် စိုက်ပျိုးနိုင်ခြင်းမရှိကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှသိရှိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းပဲတီစိမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်း စေရေးနှင့်အထွက်နှုန်းကောင်းမွန်စေရေးအတွက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှနည်းပညာများ စနစ်တကျပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)