မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဇမ္ဗူသီရိ မတ် ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ () နာရီအချိန် က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက ၁၇.၃.၂၀၂၂ ရက်နေ့မှ စတင်ကာ အခြေခံပညာစာမေးပွဲများ စတင်ဖြေဆိုတော့မည်ဖြစ်သလို တက္ကသိုလ်ဝင်တန်း စာမေးပွဲကို လည်း ၃၁.၃.၂၀၂၂ ရက်နေ့တွင် စတင်ဖြေဆိုမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေး၊ ကျန်းမာရေးနှင့် မီးဘေးလုံခြုံရေးကိုလည်း သက်ဆိုင်ရာဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ် လ.ဝ.က တို့ပူးပေါင်းပြီး ရွေးကောက်ပွဲအောင်မြင်ရေးအတွက် မြေပြင်လူဦးရေစာရင်းများ မှန်ကန်ရေးအတွက် ကြိုတင်ပြုစုဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ တပေါင်းလပြည့်နေ့တွင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပရန်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ်ထွေ/အုပ်၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်သာသနာရေးမှူးတို့ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် သွားကြရန် လိုအပ်ကြောင်းနှင့် အခက်အခဲများ၊ တခြားလိုအပ်ချက်များ ရှိပါကလည်း တင်ပြ ပေးစေ လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာ များက မိမိတို့ဌာနအလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားခဲ့ပြီး သိရှိလိုသည် များကို မေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)