ပျော်ဘွယ် မတ် ၅
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ အား နိုင်ငံသားစိစစ်ရေးကတ် များ ဆောက်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်(၉) နာရီခွဲက နိုင်ငံသားစိစစ်ရေးကတ်ပေးအပ်ပွဲကို အဆိုပါရုံးတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်က အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးထွန်းလွင်က ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ မြို့နယ်ဦးစီးမှူး ရုံးတွင် ဆောင်ရွက်ပေးနေသည့်အခြေအနေများ၊ ပြည်သူများလက်ဝယ်သို့ မြန်ဆန်စွာရောက်ရှိရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးကာ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြည်သူ့ လက်ဝယ်အရောက်ပေးအပ်ကြသည်။
ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်းစီမံချက်ကာအတွင်း ပြည်သူ(၁၃၁၁၅)ဦးအား နိုင်ငံ သား စိစစ်ရေးကတ်ပြားပြုလုပ်ပေးရန်လျာထားသော်လည်း ဆောင်ရွက်ပေးနိုင်မှုမှာ(၁၃၂၈၀)ဦး ဖြစ်ခြင်းကြောင့် လျာထားချက်ထက် ကျော်လွန်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)