ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်၊ ပိတောက်လမ်းတွင် ကွန်ကရစ်ခင်းခြင်း (၅၄)ရာခိုင်နှုန်းခန့် ပြီးစီး

ပိုင်ကျုံ  မတ်  ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာ မှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ်(၃၁.၆၀) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပိတောက်လမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ၁၉ရက်‌နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ ယနေ့မတ်လ၅ရက်နေ့တွင် (၅၄)ရာခိုင်နှုန်းခန့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းသည် အရှည်(၉၂၀)ပေ၊ အကျယ်(၁၆)ပေ၊ ထု(၆)လက်မရှိပြီး ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့စည်ပင် သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှအနီးကပ်ကြီး ကြပ်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

အဆိုပါလုပ်ငန်းပြီးစီးပါက မြို့သာယာလှပ‌ပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့်သွား‌ရေး လာ‌ရေးအတွက် အဆင်‌ပြေ လွယ်ကူ‌လာမည် ဖြစ်ကြောင်း သိရသည်။

စောဂျိုးဇက်ဂျူး