ထန်းတပင်မြို့နယ် အခြေခံပညာကျောင်းများတွင် နှစ်ဆုံးစာမေးပွဲ အောင်မြင်စွာ ဖြေဆိုပြီးစီး
Mar 23,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများအတွက် နှစ်ဆုံးစာမေးပွဲကို မတ်လ (၁၇) ရက်နေ့မှစတင်၍ ယနေ့ အထိကျင်းပပြုလုပ်ခဲ့ရာ နှစ်ဆုံးစာမေးပွဲသို့ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတို့မှ ကျောင်းသား၊ ကျောင်းသူ (၂၁၂၆၃)ဦးတို့ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။