သတင်းများ

(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်အခမဲ့ဖြန့်ဝေ
Mar 23,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့်(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့နံနက်(၉)နာရီက  မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲ ဆုရရှိသူများအား ဂုဏ်ပြုဆုများချီးမြှင့်
Mar 23,2022
၂၀၂၂ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မြစ်ကြီးနားမြို့၌ ကြီးမှူးကျင်းပ ခဲ့သော တက္ကသိုလ်အဆင့်နှင့် အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို မတ် ၂၃ ရက် နံနက် ၉ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုင်းဖြတ်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့မှ ပူးပေါင်းကျင်းပ၍ ကျောင်းသား၊ ကျောင်းသူများအကျင့် စာရိတ္တကောင်းမွန်ရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေးအတွက် လူငယ်ရေးရာ ဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က(မိုင်းဖြတ်)ကျောင်း၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
တပ်ကုန်းမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Mar 23,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အသိပေးအချက်များကို ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
လှည်းကူးမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့်စာအုပ်/စာစောင်ပြပွဲ ကျင်းပ
Mar 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Comm unity Centre)ခန်းမတွင်  (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ခင်းကျင်းပြသကြောင်း သိရသည်။
ပဲခူးမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Mar 23,2022
အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁) နာရီက ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းတုန်းမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 23,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ယနေ့နံနက် ၁၁ နာရီက မြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပညာရေးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Rs to CS မျိုးစေ့ထုတ် တောင်သူများအတွက် JICA စီမံကိန်းမှ တာပေါ်လင်များ ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ပြုလုပ်သောRs to CS မျိုးစေ့ထုတ်တောင်သူများအတွက် JICA စီမံကိန်းမှ တာပေါလင်များ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နေ့လည် ၁ နာရီအချိန်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။