သတင်းများ

မင်းတုန်းမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 23,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ယနေ့နံနက် ၁၁ နာရီက မြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပညာရေးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Rs to CS မျိုးစေ့ထုတ် တောင်သူများအတွက် JICA စီမံကိန်းမှ တာပေါ်လင်များ ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ပြုလုပ်သောRs to CS မျိုးစေ့ထုတ်တောင်သူများအတွက် JICA စီမံကိန်းမှ တာပေါလင်များ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နေ့လည် ၁ နာရီအချိန်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနည်း အသိပညာပေး ဆောင်ရွက်
Mar 23,2022
ဒေသခံမိဘပြည်သူများအနေဖြင့် ကြည့်ရှုလေ့လာမှတ်သားသိရှိပြီး လိုက်နာကျင့်သုံး လာနိုင်စေရေးနှင့်ဆောင်ရန် ရှောင်ရန်များအား သိရှိလုပ်ကိုင်ဆောင်ရွက်နိုင်စေရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေးနံရံကပ်စာစောင်များနှင့် လျှပ်စစ် ဓာတ်အား ချွေတာသုံးစွဲနိုင်မည့် အသိပညာပေးနံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမရှေ့ နံရံကပ်ဘုတ်၌ ခင်းကျင်းပြသကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Mar 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ လူငယ်လူရွယ်များ အကျင့်စာရိတ္တကောင်းမွန်ရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး၊ ဘက်စုံထူးချွန်ရေးအတွက် ရည်ရွယ်၍ ယနေ့နေ့လည် ၁၁ နာရီအချိန်က အ.ထ.က (မိုင်းကိုင်)၊ မြတ်သီရိခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ၁၀၀ ဦးကျော် တက်ရောက်ခဲ့သည်။
သာစည်မြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်
Mar 23,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် ပညာရေးမှူးရုံးနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲက အမှတ်(၁) အခြေခံပညာ အထက် တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သည်။
မြိတ်မြို့တွင် ရေလမ်းသွားပြည်သူများအား မုန်တိုင်းဘေးနှင့်ရေဘေးအန္တရာယ် ပညာပေးလက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ
Mar 23,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ရေလမ်းသွားခရီးသွားပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မတ်လ(၂၂) ရက် ညနေပိုင်းက မြိတ်ကမ်းနား ဆိပ်ကမ်းဗောတံတားများတွင် မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ် ပညာပေး လက်ကမ်းစာစောင် များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများကဖြန့်ဝေပေးခဲ့ကြသည်။
ငရုတ်ကောင်းမြို့၊ ကွင်းဘက်ကျေးရွာအုပ်စုနှင့် ပန်းမော်ကျေးရွာအုပ်စုတို့၌ လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် စာသင်ကျောင်း၊ ဆေးပေးခန်းအချို့ အမိုးလန်၊ ပြိုကျပျက်စီး
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ကွင်းဘက်ကျေးရွာအုပ်စုနှင့် ပန်းမော်ကျေးရွာအုပ်စုတို့၌ ယမန်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် စာသင်ကျောင်း၊ ဆေးပေးခန်းအချို့ အမိုးလန်၊ အနည်းငယ်ပြိုကျပျက်စီးခဲ့ကြောင်း မြို့သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြီးကြပ်ကွက်ကဲရေးရုံးမှ သိရသည်။
မှော်ဘီမြို့နယ်၌ (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲနှင့်  စာအုပ်ပြပွဲ ကျင်းပ
Mar 23,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းအချိန်တွင် မှော်ဘီမြို့နယ်အ.ထ.က(၁)ကျောင်းရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။