သတင်းများ

ဝေါမြို့၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Apr 14,2022
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ဝေါမြို့၊ အေးချမ်းသာရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေး မြို့မခန်းမရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 14,2022
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီ ၄၆ မိနစ်က မန္တလေး၊ ချမ်းအေသာစံမြို့နယ်ရှိ မြို့တော်ခန်းမရှေ့တွင် ကျင်းပသည်။
သနပ်ပင်မြို့၌ မြန်မာ့နှစ်သစ်ကူးမဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်ဖွင့်လှစ်
Apr 14,2022
၁၃၈၃ ခုနှစ် မြန်မာ့နှစ်သစ်ကူးမဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်ကို ယမန်နေ့ ညနေ ၄ နာရီခွဲက သနပ်ပင်မြို့ လမ်းမတော်လမ်းထိပ် ဗဟိုရေကစားမဏ္ဍပ်၌ဖွင့်လှစ်ကြောင်း သိရသည်။
ဆုတောင်းပြည့် ပေါ်တော်မူ မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ (၁၅၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ
Apr 14,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် ဆုတောင်းပြည့် ပေါ်တော်မူ မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို (၁၅၉)ကြိမ်မြောက်အဖြစ် ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ အမှတ်(၁) ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်လျက်ရှိပြီး ဧပြီလ(၁၅)ရက် နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
စစ်ကိုင်းမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ဖွင့်ပွဲကျင်းပ
Apr 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီက ဧရာဝတီကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
Apr 14,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ နှစ်သစ်ကူး မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီခွဲက စုပေါင်းရုံးရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
မိုးမိတ်မြို့နယ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပ
Apr 14,2022
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကြီးကို ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မဟာသင်္ကြန်အကြိုနေ့ဖြစ်သော ဧပြီ လ ၁၃ ရက် ညနေ ၄ နာရီအချိန်က မြရည်နန္ဒာပန်းခြံအတွင်းရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်၌ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။
ရန်ကင်းပိတောက်ရေကစားမဏ္ဍပ် ယနေ့ညနေ (၃:၃၀)နာရီတွင် စတင်ဖွင့်လှစ်
Apr 14,2022
၁၃၈၃ ခုနှစ်၊ ရန်ကင်းပိတောက် ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၃:၃၀)နာရီတွင်၊ အမှတ်(၂) ရပ်ကွက်၊ ရန်အောင်(၆) လမ်းထိပ်၊ ရန်ကင်းလမ်းမပေါ်၌ ကျင်းပသည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ယခုလာမည့်နှစ်သစ်တွင် အားအင်သစ်များဖြင့် တက်ကြွစွာ ဆောင်ရွက်ကြဖို့လိုကြောင်း၊ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းသည့်အချိန်အခါသမယတွင် မြန်မာ့ဓလေ့ ရိုးရာအစဉ်အလာနှင့်အညီ၊ မေတ္တာရေစင်ပက်ဖျန်း၍ပျော်ရွှင် စွာဆင်နွှဲသည့် အတာသင်္ကြန်ရေသဘင် ပွဲတော်ဖွင့်ပွဲခမ်းအနားဖြစ်ပါကြောင်း ပြောကြားသည်။