ကလော မတ် ၂၃
ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်၊ စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ်အမျှော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်းများကို လေ့လာဖတ်ရှု တတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ၊ ယနေ့ နံနက် ၁၁ နာရီအချိန်က စာရေးဆရာ မောင်နေခြည်(ပြည်)ရေးသားသည့် ပွင့်သောပန်းတို့အလန်းဆုံးဝေ စာအုပ်ဖြင့်ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ပြောကြားခဲ့ပြီး Book Club အဖွဲ့ဝင် ကိုသန့်ဇော်ဟိန်းက မောင်နေခြည် (ပြည်)ရေးသားသည့် "ပွင့်သောပန်းတို့အလန်းဆုံးဝေ" စာအုပ်ပါ အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ရာ စာပေမြတ်နိုးသူ Book Club အဖွဲ့ဝင်များက မိမိတို့၏ ထင်မြင်ယူဆချက် ထင်မြင်တွေးခေါ်မှုများအား အပြန်အလှန်ဝေဖန် သုံးသပ်ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)