သတင်းများ

ဆီဆိုင်မြို့၌ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး ဟောပြောပွဲ ကျင်းပ
Mar 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန် ရေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်းကျောင်း (ဆီဆိုင်)၊ ယုဇနခန်းမ၌ ကျင်းပသည်။
မြောင်းမြမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ စနစ်တကျထုတ်ပေး
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင် ဖြန့်ဝေ
Mar 23,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို
ဆီဆိုင်မြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့် စာသင်နှစ် တစ်နှစ်ပြီးဆုံး၍ ကျောင်းသူများ လွပ်လပ်ပျော်ရွှင်
Mar 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် အဌမတန်းနှစ်ဆုံးစာမေးပွဲကို ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာနများ၌ မတ် ၁၇ ရက်နေ့မှစ၍ ဖြေဆိုခဲ့ရာ ယနေ့တွင် စာသင်နှစ်တစ်နှစ်ပြီးဆုံး၍ ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။        
ရွှေတောင်မြို့နယ်တွင် အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲကို ကျောင်းသား ကျောင်းသူများ ဖြေဆိုပြီးမြောက်
Mar 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ် အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ယနေ့နံက်ပိုင်းက ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆို ပြီးမြောက်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ပါက အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိ
Mar 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ် ကူညီကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အုတ်တွင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရှာဖွေရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိ၍ ကူညီကယ်ဆယ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား တပ်ဖွဲ့ဝင်များအား ရှင်းလင်းမှာကြားဆောင်ရွက်မှုကို မြို့နယ်မီးသတ်ဦးစီးဌာနဝန်းအတွင်း၌ ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၂ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့်(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်(၁၁)နာရီက ဈေးဆိုင်များ၊ ဌာနဆိုင်ရာရုံးများနှင့် လမ်းသွားလမ်းလာပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် အဌမတန်း Grade-9 စာမေးပွဲကို အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ နောက်ဆုံးနေ့ဘာသာရပ်ကို အေးချမ်းအောင်မြင်စွာ ဖြေဆို
Mar 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ ၂၀၂၂ ခုနှစ် အဌမတန်း Grade-9 စာမေးပွဲကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်း၊ တို့တွင် ကျောင်းသား (၂၂၁)ဦး၊ ကျောင်းသူ (၂၃၀) ဦး၊ စုစုပေါင်း (၄၅၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်၊၊