မိုင်းကိုင်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Mar 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ လူငယ်လူရွယ်များ အကျင့်စာရိတ္တကောင်းမွန်ရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး၊ ဘက်စုံထူးချွန်ရေးအတွက် ရည်ရွယ်၍ ယနေ့နေ့လည် ၁၁ နာရီအချိန်က အ.ထ.က (မိုင်းကိုင်)၊ မြတ်သီရိခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ၁၀၀ ဦးကျော် တက်ရောက်ခဲ့သည်။