တိုက်ပွဲရှောင်စခန်း (IDP Camp)တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Mar 23,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် နယ်မြေဒေသအခြေအနေအရ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စု၊ ပိတောက်မြိုင်ကျေးရွာ၊ စိန့်ဂျိုးဇက်(IDP Camp)နှင့် တြီနီတီ(IDP Camp)တွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသော အင်ဂျန်းယန်မြို့နယ်မှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏အနီးကပ် ကြီးကြပ်မှုဖြင့် မတ် ၂၁ ရက် နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။