(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲပျော်ဘွယ်မြို့နယ်တွင်ကျင်းပ

ပျော်ဘွယ် မတ် ၂၃

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်စာစောင်ပြသပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် ယနေ့ မွန်းလွဲ(၁)နာရီက ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

"ယခုက (၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုခြင်းအထိမ်းအမှတ်အနေနဲ့ ပြသထားခြင်း ဖြစ်ပါတယ်၊ စာကြည့်တိုက် ကိုလာတဲ့ ပြည်သူတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ လေ့လာဖတ်ရှုနိုင်အောင် ခင်းကျင်းပြသထားခြင်း ဖြစ်ပါတယ်" ဟု မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ရှင်းပြသည်။

(၇၇)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ ယနေ့အချိန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ်များ၊ နိုင်ငံတော်ပြန်တမ်းများ စသည်တို့ကို ခင်းကျင်းပြသထား အတန်းတင်စာမေးပွဲ ဖြေဆိုပြီးစီးသည့် ကျောင်းသား၊ ကျောင်းသူများ၊ စာအုပ်ငှားရမ်းဖတ်ရှုသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)