ဖြူးမြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့် (Grade-9) အောင်မြင်စွာဖြေဆိုပြီးစီး

ဖြူး​ မတ် ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ယနေ့နံနက် ၁၁ နာရီတွင် အခြေခံပညာ အလယ်တန်းအဆင့်  (Grade-9) စာ​မေးပွဲကို အောင်မြင်စွာဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်မှု စစ်ဆေးခြင်း (Grade-9) စာမေးပွဲကို စာစစ်ဌာန (၂၄)ခုဖွင့်၍ မတ်လ ၁၇ ရက်နေ့မှ မတ်လ ၂၃ ရက်နေ့အထိ နံနက် ၉ နာရီမှ ၁၁ နာရီအထိ ကျောင်းသား(၉၈၅) ဦး၊ ကျောင်းသူ(၁၁၂၇)ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ (၂၁၁၂ ) ဦး အေးချမ်းစွာဖြေဆိုပြီးမြောက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးကသိရသည်။

နေမျိုးလွင်