ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနည်း အသိပညာပေး ဆောင်ရွက်

ကြာအင်းဆိပ်ကြီး မတ် ၂၃

ဒေသခံမိဘပြည်သူများအနေဖြင့် ကြည့်ရှုလေ့လာမှတ်သားသိရှိပြီး လိုက်နာကျင့်သုံး လာနိုင်စေရေးနှင့်ဆောင်ရန် ရှောင်ရန်များအား သိရှိလုပ်ကိုင်ဆောင်ရွက်နိုင်စေရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေးနံရံကပ်စာစောင်များနှင့် လျှပ်စစ် ဓာတ်အား ချွေတာသုံးစွဲနိုင်မည့် အသိပညာပေးနံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမရှေ့ နံရံကပ်ဘုတ်၌ ခင်းကျင်းပြသကြောင်း သိရသည်။

အဆိုပါနံရံကပ်ဘုတ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းလမ်းများ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ‌ဖြစ်ပေါ်ပြောင်းလဲလာသည့် ရာသီဥတုအခြေအနေများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာနိုင်မှု အခြေအနေများ စသည့်လေ့လာမှတ်သားဖွယ် အချက်အလက်များပါဝင်ခြင်းနှင့် မိဘပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားမီတာခများ ကျသင့်ပေးဆောင်မှုများ သက်သာစေရေးနည်းလမ်းများ လျှပ်စစ်ဓာတ်အားကို ချွေတာစွာနှင့် စနစ်တကျသုံးစွဲနိုင်မည့် နည်းလမ်းများ လျှပ်စစ်ဓာတ်အား အန္တရာယ် မဖြစ်ပေါ်စေရေးနည်းလမ်းများနှင့် စသည့်ဆောင်ရန်/ရှောင်ရန် အချက်အလက် နည်းလမ်းများအား မိဘပြည်သူများအနေဖြင့် ကြည့်ရှုလေ့လာသိရှိမှတ်သား နိုင်စေရေးအတွက် နံရံကပ်ဘုတ်၌ ခင်းကျင်းပြသပေးလျက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး