မြိတ်မြို့တွင် ရေလမ်းသွားပြည်သူများအား မုန်တိုင်းဘေးနှင့်ရေဘေးအန္တရာယ် ပညာပေးလက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

မြိတ်   မတ်   ၂၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ရေလမ်းသွားခရီးသွားပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မတ်လ(၂၂) ရက် ညနေပိုင်းက မြိတ်ကမ်းနား ဆိပ်ကမ်းဗောတံတားများတွင်  မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ် ပညာပေး လက်ကမ်းစာစောင် များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများကဖြန့်ဝေပေးခဲ့ကြသည်။

ပညာပေးလက်ကမ်းစာစောင်တွင် ကြိုတင်ပြင်ဆင်ရန် အချက်အလက်များ၊ သတိပေးချက်များကို လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ရှားရမည့်အချက်များပါဝင်သည့် ပညာပေးလက်ကမ်း စာစောင်များကို မြိတ်ဆိပ်ကမ်းရှိ ဆိပ်ငယ်ဗောတံတား၊ နောက်လယ် အမှတ်(၁)ဆိပ်ဆံဗောတံတားနှင့် သစ်ယာဝရေဆင်းတံတားတို့တွင် ရေလမ်းသွားခရီးသွားပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး