မော်လမြိုင်၌ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မော်လမြိုင် မတ် ၂၃

နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်သူများကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်နှင့် ဘဝရည်မှန်းချက် ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့နံနက် (၁၁) နာရီခွဲအချိန်က မွန်ပြည်နယ် မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ခရိုင်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြော ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင်   မော်လမြိုင်ခရိုင် ပညာရေးမှူး ဒေါက်တာခင်သူဇာက အဖွင့်အမှာစကား ပြောကြားပြီး မော်လမြိုင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လှ၀င်းက “စိတ်ဓါတ် ကောင်းမွန်ရေးနှင့် စည်ကမ်းလိုက်နာရေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာသင်ယူမှုအပြင် ဘက်စုံထူးချွန်သည့် လူငယ် များ ဖြစ်စေလိုကြောင်း၊  စာပေဗဟုသုတတို့မှ လူငယ်များအတွက်လေ့လာသင်ယူရမည့် အခွင့် အလမ်းကောင်းများစွာရှိကြောင်းနှင့် ကျောင်းသားကျောင်းသူများသည် နိုင်ငံတော်၏တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ရမည့် လူတော်၊ လူကောင်းများ ဖြစ်စေလိုကြောင်း၊ အကျင့်စာရိတ္တ ကောင်းမွန်သော ကျောင်းသား ကျောင်းသူများ ဖြစ်စေချင်ကြောင်း ဟောပြောခဲ့သည်။

ထို့နောက်   မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်     ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက “အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓါတ် ရှင်သန် ထက်မြက်ရေး” ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် လူငယ်များအတွက် ပညာရေးသည် အဓိကဖြစ်ကြောင်း   ငယ်စဉ်မှစ၍ပညာကြိုးစားသင်ယူလိုကြောင်း၊   လူငယ်များအနေဖြင့် ပညာရေးကဏ္ဍအပြင် စာရိတ္ထကောင်းမွန်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ကျန်းမာရေး ကောင်းမွန်စေရေးနှင့် မိမိတိုင်းပြည်နှင့်လူမျိုးအပေါ် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး တို့နှင့် စပ်လျဉ်း၍ အသေးစိတ် အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ အားကစားနှင့်လူငယ်‌ရေးရာ၀န်ကြီးဌာန၊ မွန်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦး၀င်းဌေးက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် လူငယ်များအနေဖြင့်ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာ လိုက်စားစေလိုကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမား ကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်းနှင့် အားကစားကဏ္ဍနှင့် သက်ဆိုင်သည့် အခြေခံ အချက်(၄)ချက်တို့ကို ရှင်းလင်းဟောပြောခဲ့ပြီးမြန်မာ့သိုင်းနှင့် တိုမ်ကွမ်ဒို အားကစား နည်းများကို သရုပ်ပြသခဲ့ကြသည်။

ယင်းနောက် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦး၀င်းဌေးက အမှတ် ၁  အခြေခံပညာ အထက်တန်း‌ကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံ့ လှူဒါန်းပေးခဲ့ပြီး ခရိုင်ပညာရေးမှူးက ဟောပြောဆောင်ရွက်ပေးသည့် ဆရာ ဆရာမ များအား လက်ဆောင်ပစ္စည်းများ‌ ပြန်လည်ပေးအပ်ခဲ့သည်။

ဟောပြောပွဲသို့ ဆရာ၊ဆရာမကြီးနှင့် ကျောင်းသား ကျောင်းသူ ၁၈၅ ဦးခန့် တက်ရောက်ကြပြီး မော်လမြိုင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ၀န်ထမ်းများနှင့် အား/ကာ ၀န်ထမ်းများက ဦးစီးဌာန (ရုံးချုပ်) ကထုတ်ဝေသည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်နှင့် အားကစား လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်ပြန်/ဆက်