သတင်းများ

ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်များ လှူဒါန်း
Mar 24,2022
ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ကရင်ပြည်နယ်အတွင်း မြို့နယ်များရှိ ကျေးရွာအုပ်စု /ကျေးရွာများ၌ ဖွင့်လှစ်ထားသည့် ကျေးရွာစာကြည့်တိုက်များသို့ သုတရသစာအုပ်များအား ပေးအပ်လှူဒါန်းလျက်ရှိရာ ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ  ကျေးရွာစာကြည့်တိုက်များသို့ သုတရသ စာအုပ်များအား ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပ သည်။
မြိတ်မြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Mar 24,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းက မြို့မအားကစားကွင်းတွင် ကျင်းပခဲ့ရာ မြိတ်တောင် FC အသင်းနှင့် စန္ဒဝတ် FC အသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
မြစ်သားမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Mar 24,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုံးပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်းစုရပ်နေရာများအလိုက် ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ပိုင်ကျုံမြို့ပတကျေးရွာ မူကြိုကျောင်း၌ ကာကွယ်ဆေးလာရောက်ထိုးနှံသော ပြည်သူများအား Mask များအခမဲ့ ဖြန့်ဝေ
Mar 24,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပတ‌ကျေးရွာအုပ်စုအတွင်းရှိ မိဘပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက်ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးရာတွင် Mask တပ်ဆင်လာခြင်း မရှိ‌သော ပြည်သူများအား တာဝန်ရှိများက ယမန်နေ့ နံနက်ပိုင်း၌ Mask Campaign ပြုလုပ်သည့် အ‌နေဖြင့် Mask များ အခမဲ့ ဝေငှပေးခဲ့သည်။
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 24,2022
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို မတ်လ ၂၃ရက်နေ့ နံနက် ၁၁နာရီက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၃၀) အခြေခံပညာ အထက်တန်းကျောင်း ခန်းမဆောင်တွင် ပြုလုပ်ခဲ့သည်။
ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Mar 24,2022
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ခံထုတ်ဝေသည့် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်က ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လမ်းသွားလမ်းလာပြည်သူများ၊မြို့မဈေးနှင့်ကျောင်းသား/ကျောင်းသူများထံ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ကာကွယ်ဆေးထိုးဌာနတွင် မွေးစအရွယ်မှ အသက်(၁၀)အထိ ပုံမှန်ကာကွယ်ဆေးများထိုးနှံပေး
Mar 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ကာကွယ်ဆေးထိုးဌာနတွင် ယနေ့နံနက် (၉) နာရီက မွေးစအရွယ်မှအသက်(၁၀)နှင့်အတွင်းကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ် Community Centre အတွင်း ပန်းအလှထိုး သင်တန်းဖွင့်လှစ်
Mar 24,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်တွင် ပန်းအလှထိုးသင်တန်းကို ယမန်နေ့ နံနက် (၁၀) နာရီက ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။