မှော်ဘီမြို့နယ်၌ (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲနှင့်  စာအုပ်ပြပွဲ ကျင်းပ

မှော်ဘီ မတ် ၂၃

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းအချိန်တွင် မှော်ဘီမြို့နယ်အ.ထ.က(၁)ကျောင်းရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲတွင် တပ်မတော်နေ့ ပေါ်ပေါက်လာပုံသမိုင်းအကျဉ်းဗိုလ်ချုပ်အောင်ဆန်း၏ (၇၁)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဆောင်းပါးမှ ကောက်နှုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်(၇၆)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ တပ်မတော်၏ အဓိကတာဝန်ကြီး(၃)ရပ်၊ တပ်မတော်သစ္စာ အဓိဌာန်(၄)ချက်၊ ပြည်ထောင်စုစိတ်ဓာတ်ကဗျာများ စသည်တို့ပါဝင်ကြောင်း သိရသည်။

ကောင်းမြတ်သူ (ပြန်/ဆက် )